Friday 4 March 2011

ဆည်းဆာရိပ်မှ ( ပထမအကြိမ် )

ဆည်းဆာရိပ် ဆိုတာက ဂီလာနဘိုးဘွားတွေကို ပြုစုစောင့်ရှောက်ပေးတဲ့နေရာလေး တစ်ခုဖြစ်ပါတယ်။ အဖွဲ့အနေနဲ့ အလှူလေးလုပ်မယ်လို့ စိတ်ထဲဖြစ်နေပင်မဲ့ လှူဖို့အတွက်ကျပြန်တော့လည်း ကိုယ်တိုင်ကိုယ်ကျလေး လှူချင်တဲ့ စိတ်ကဖြစ်နေပြန်တော့ ဘယ်မှာ လှူရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ သိပ်မကြာသေးခင်ကမှ တည်ထောင်နေတဲ့ ဆရာမဒေါ်သန်းမြင့်အောင် ဦးစီပြီးလုပ်နေတဲ့ ဒီရိပ်သာလေးကို စဉ်းစားမိလိုက်တယ်။ ဒါနဲ့ပဲ ထန်းသီးကြွေးခိုက် ကျီးနင်းခိုက် ဆိုတဲ့စကားအတိုင်း အလှူလုပ်ဖို့ ငွေသားကလည်း အဆင်သင့်၊ မြန်မာပြည်ပြန်မဲ့ အဖွဲ့ဝင်မောင်နှမကလည်း အဆင်သင့်ဆိုတော့ အလှူငွေကို ကိုယ်တိုင်ကိုယ်ကျ သွားလှူဖို့ အတွက်အခွင့်အရေး ကြုံခဲ့ရတာပေါ့။ ပထမတော့ မြန်မာပြည်ပြန်မဲ့ ညီမကို အားနားပါသေးတယ်။ သူ ပြန်မှာက တစ်ပတ်ထဲပါ။ အလှူကိစ္စကိုလိုက်လုပ်မယ်ဆိုရင် တစ်ရက်ကတော့ အချိန်ကုန်မှာသေချာတယ်။ ဒါပင်မဲ့လည်း မြန်မာလူမျိုးတို့ရဲ့ ထုံစံအတိုင်း အလှူအတန်းမှာ ရက်ရောတက်ကြသလို၊  ကူညီဖို့ ဝန်းမလေးတက်တာလဲ မြန်မာတို့ရဲ့စတိုင်ပါ။ ဒါကြောင့်ပဲ ကျနော်တို့ရဲ့ အလှူလေးကို ပထမဆုံးအကြိမ်အဖြစ် လှူဒါန်းနိုင်ခဲ့ပါတယ်။ အောက်မှာဖော်ပြထာတဲ့ အဘိုးအဘွားများရဲ့ပုံတွေကတော့ ဆည်းဆာရိပ်မှာရှိတဲ့ အဘိုးအဘွားများရဲ့ ပုံရိပ်များဖြစ်ပါတယ်။













အဖိုးကတော့ အဆုတ်လဲမကောင်းတော့ဘူး... အသဲလဲမကောင်းတော့ဘူး။ ဆေးရုံကို ပြန်ပြန်ပို့နေတာတင် ၃ ခါရှိနေပြီလို့ပြောပါတယ်။ တင်ပါးမှာလဲ အနာတွေပေါက်နေလို့(အိပ်ယာနာ) အဖိုးအတွက် အထူးမွေ့ယာ(ပူးတေထင်တာ ရေမွေ့ယာလားမသိ) ဝယ်ပေးထားရတယ်လို့ပြောပါတယ်....
.
အဖွဲ့လေးရဲ့ပထမခြေလှမ်းလေးလည်းဖြစ်၊ လှူလိုက်ရတဲ့ ငွေကြေးအနေနဲ့ အများကြီးမဟုတ်ပင်မဲ့ လိုအပ်တဲ့ နေရာမှာ လိုအပ်သလိုလေး လှူဒါန်းလိုက်နိုင်တဲ့အတွက် အရမ်းကို ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ ဆက်လက်ပြီးတော့လည်း နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့မှ တက်နိုင်တဲ့ဘက်က လှူဒါန်းသွားဖို့ စဉ်းစားဆုံးဖြတ်ထားကြပါတယ်။


နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

No comments:

Post a Comment