Monday, 28 February 2011

နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

ဒီအဖွဲ့လေးကို ၂၀၁၀ စက်တင်ဘာလလောက်က စတင်အကောင်အထည် ဖော်ဖြစ်ခဲ့ကြပါတယ်။ အဖွဲ့ကိုစတင်ချိန်မှာတော့ စိတ်တူကိုယ်တူ မောင်နှမသုံးလေးယောက်လောက်နဲ့ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုမှတဆင့် နီးစပ်ရာ ညီအကိုမောင်နှမတွေကိုလည်း ဖိတ်ခေါ်ခဲ့ရာ စိတ်ဝင်းတစား ပါဝင်လာခဲ့ကြတာကြောင့် အဖွဲ့လေးမှာ တဖြည်းဖြည်းနဲ့ အဖွဲ့ဝင်မောင်နှမ ၁၀ယောက်အထက် ဖြစ်လာခဲ့ပါတယ်။ 

ဒီလိုနဲ့ ၂၀၁၀ အောက်တိုဘာလမှာ စပြီးတော့ အဖွဲ့လေးရဲ့ ရည်ရွယ်ချက်အတိုင်းပဲ အဖွဲ့ဝင်မောင်နှမများဆီမှ အလှူငွေ တစ်လ စင်ကာပူဒေါ်လာ ( ၅ ဒေါ်လာ ) စီ ကောက်ခံခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ အလှူငွေကို  လစဉ်ပုံမှန် မလှူနိုင်ပင်မဲ့ လိုအပ်တဲ့ အချိန် လိုအပ်တဲ့ နေရာမှာ လှူဒါန်းသွားဖို့ ကျနော်တို့ အဖွဲ့မှ ဆုံးဖြတ်ပြီး စုဆောင်းလာခဲ့ကြပါတယ်။


တစ်ချို့သောမောင်နှမများကလည်း လစဉ်ပုံမှန် လှူကြသလို တစ်ချို့သော မောင်နှမများကလည်း သုံးလစာ၊ ငါးလစာ၊ တစ်နှစ်စာ ဆိုပြီးတော့ ပုံစံအမျိုးမျိုးနဲ့ လှူဒါန်းနေကြပါတယ်။ တစ်ချို့သော မောင်နှမများကလည်း အခက်အခဲအမျိုးမျိုးရှိသောကြောင့် ပါဝင်လှူဒါန်းနိုင်ခြင်း မရှိခဲ့ပါ။ ထိုထိုသောမောင်နှမများကိုလည်း စာနာနားလည်သောစိတ်ဖြစ် ယနေ့ ယခုအချိန်ထိ အဖွဲ့ဝင်များ အဖြစ် သက်မှတ်ထားနေတုန်းပါ။

ယခုအချိန်မှာ ကျနော်တို့ အဖွဲ့လေးရဲ့ အဖွဲ့ဝင်မောင်နှမများဟာဆိုရင် တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုဖြင့် ရှေ့ဆက်ခဲ့ကြသည်မှာ ယခုဆိုလျှင် အဖွဲ့ရဲ့သက်တမ်းဟာ ခြောက်လထဲသို့ ရောက်ရှိလို့ လာခဲ့ပါပြီလို့ ပြောရင် နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့မှ နှုတ်ခွန်းဆက် ကြိုဆိုလိုက်ရပါသည်။


နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့